လိုင်းပေါ်မှာ စာလေးတွေရေးပြီးပေါက်ကွဲပြတဲ့ လုပ်ရပ်ကိုရွေးချယ်မှ မှန်ကန်တယ် ထင်ရင်လည်း ထမင်းရှင်တွေရဲ့ အမုန်းကိုခံရမှာပဲ ဆိုတဲ့ ခြူးလေး

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေ ရင်ထဲကို ရောက်ရှိလာတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီး ခြူးလေး ပဲဖြစ်ပါတယ်။ခြူးလေးဟာ MRTV-4 ဇာတ်လမ်းတွဲ တွေကနေ တစ်ဆင့် လူသိများလာတာ ဖြစ်ပြီးကျရာ ဇာတ်ကောင်ကို အကောင်းဆုံး ပီပြင်အောင် သရုပ်ဆောင် တွေ ကြောင့် ပရိသတ်တွေ ရဲ့ချစ်ခင်အားပေးမှုကို အခိုင် အမာ ရရှိလာတဲ့ အနုပညာရှင် တစ်လက် ဖြစ်ပါတယ်။သူမကတော့ ဟန်ဆောင်မှုကင်းပြီး ပျော်ပျော်နေတတ်သူလေး ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ တင်ခဲ့တဲ့ post တစ်ခုကြောင့် ခြူးလေးကဝေဖန်ခံနေရတာပဲဖြစ်ပါတယ်။ ခြူးလေးက “ထိရောက်တဲ့ အလုပ်နဲ့ဘဲ ကိုယ့်ထမင်းရှင် ပြည်သူလူထုကို ချစ်ပါရစေ ။လက်လေးညောင်းယုံလောက် စာလေးတွေရေးပြီး လိုင်းပေါ်မှာ ပေါက်ကွဲပြတဲ့ လုပ်ရပ်ကိုရွေးချယ်မှ မှန်ကန်တယ် ထင်ရင်လည်း ထမင်းရှင်တွေရဲ့ အမုန်းကို ခံရမှာပါဘဲ 🙏🙏🙏 ။ ခုမှ ကြောက်လန့်ပြီး တရေးနိုး ထလာတာ မဟုတ်ပါဘူး။ ဒီ ၅ရက် မြောက်နေ့လောက်ဆို ပြည်သူတွေရဲ့ စားဝတ်နေရေး ကျန်းမာရေး အခက်ခဲ စတင်တော့မှာမို့လို့ ကျွန်မနဲ့အတူ လိုအပ်တဲ့ နေရာမှာ ပါဝင်ကူညီ ချင်သူများ ပေါ်ပေါက်လာနိုင်ရန် တင်လိုက်တဲ့ သဘော တစ်ခုသာ ဖြစ်ပါသည်။အမုန်းတရားတွေ သာ လိုင်းပေါ်တင်ရမယ်ဆိုရင် 😁😁 ကျွန်မတို့ တိုင်းရင်းသားလူမျိုး တွေမှာ မျှော်လင့်ခြင်းရောင်ခြည်တွေ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အခုမှ ထပြီး ငိုနေတဲ့သူတွေက ခေတ်အဆက်ဆက် ငိုနေခဲ့ရတဲ့ ကျွန်မတို့ကို … မငိုလို့ဆိုပြီး အပြစ်တင်ရင်လည်း ရဲရဲကြီး အပြစ်တင်လိုက်စမ်းပါ … ခံပါ့မယ် ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

ခြူးလေးရဲ့ post အောက်မှာ ပရိသတ်တွေက အပြင်းအထန်ဝေဖန် နေတာပဲဖြစ်ပါတယ်။ အနုပညာရှင်တချို့ကလဲ ဝေဖန်နေကြပါတယ်။ ပရိသတ်ကြီး အတွက် ခြူးလေးတင်ခဲ့တာလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Swelsone News