ယနေ့အချိန်ထိမည်သည့်သဘောထားထုတ်ပြန်ချက်မှ မထုတ်ပြန်သော “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး”အဖွဲ့အစည်း၏အစည်းအရုံးဝင်အဖြစ်မှ နှုတ်ထွက်ကြောင်းပြောလာတဲ့ တိုင်ရွန်

သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေ ကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိထားပြီး ယခုချိန်မှာ နေရာတစ်ခုထိရောက်ရှိအောင်မြင်နေတာ ပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ တိုင်ရွန်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးနေပြီး ပရိသတ်တွေ အားပေးမှုနဲ့ အတူ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းကာ တန်ဖိုးရှိလှတဲ့ သူရဲ့ အချိန်တွေကို သူဝါသနာပါရာ အနုပညာ အလုပ်တွေ ကို လုပ်ရင်းကုန်ဆုံးစေတာ ပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ တိုင်ရွန်က ရုပ်ရှင်အစည်းအရုံး ကနေ တရားဝင် နှုတ်ထွက်ကြောင်းပြောလာခဲ့ပါတယ်။ တိုင်ရွန်က” နေ့စွဲ ဖေဖေါ်ဝါရီ၄ရက်၊၂၀၂၁ခုနှစ်
လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍
ယနေ့အချိန်ထိမည်သည့်သဘောထားထုတ်ပြန်ချက်မှ
မထုတ်ပြန်သော ကျွန်နော် ငယ်စဉ်ထည်းက လေးစားတန်ဖိုးထားအားကျ ရသော “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး”အဖွဲ့အစည်း၏အစည်းအရုံးဝင်အဖြစ်မှ မိမိဆန္ဒအလျှောက်နှုတ်ထွက်ပါသည်။ တိုင်ရွန်” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး”အဖွဲ့အစည်း၏အစည်းအရုံးဝင်အဖြစ်မှ မိမိဆန္ဒအလျှောက်နှုတ်ထွက်ခဲ့တဲ့ တိုင်ရွန်ရဲ့ အကြောင်းလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးကိုကျေးဇူးတင်ပါတယ်နော်။

Swelsone News