“အာဏာရှင်အလိုမရှိ” ဟူသောစာသားနှင့်အတူ ဓာတ်ပုံရိုက်တင်ခဲ့သည့် ရဲတပ်ဖွဲ့၀င်နှစ်ဦး ဖမ်းဆီးခံရ

လူမှုကွန်ရက်စာမျက်နှာတွင် အာဏာရှင်စနစ် အလိုမရှိကြောင်း စာရေးပြီး ဓာတ်ပုံရိုက်တင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ကြံခင်းမြို့မရဲစခန်းမှ ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်၊ ည ၁၁ နာရီဝန်းကျင်အချိန်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူ နှစ်ဦးမှာ ရဲဒုတပ်ကြပ် တာရာလင်းနဲ့ ရဲတပ်သား သူရိန်လင်းတို့ဖြစ်ပြီး ပြည်သူကိုအလုပ်အကြွေးပြုဖို့ ရဲထဲဝင်ခဲ့ခြင်းဖြစ်ကာ အာဏာရှင်ကို အလုပ်အကျွေးပြုဖို့ ရဲထဲဝင်တာ မဟုတ်သလို အာဏာရှင်ရဲ့ဖိနှိပ်မှုကို ပြည်သူဘက်က ကာကွယ်စောင့်ရှောက်မယ်လို့ လူမူကွန်ရက်မှာ တင်မိခဲ့တာကြောင့် အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရဲတပ်သား တာရာလင်းက “ကျွန်တော်တို့နိုင်ငံမှာက အာဏာရှင်ကလူပါးဝလွန်းအားကြီးတယ်။ အာဏာရှင်ကျဆုံးပါစေ၊ ဒီပို့စ်တင်ပြီး ခဏနေ ကျွန်တော်အချုပ်ထဲရောက်မယ်”လို့ လူမှုကွန်ယက်တွင် Live လွှင့်ပြောဆိုခဲ့ပြီး များမကြာခင်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ကြောင်း သိရသည်။

သူတို့နှစ်ဦးစလုံးကိုတ လက်ရှိမှာ ရဲစည်းကမ်းဥပဒေနဲ့အရေးယူထားကြောင်းသာသိရပြီး ဘယ်လိုပုဒ်မနဲ့ အရေးယူခံထားရသလဲအပါအဝင် အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ၎င်းတို့ရဲ့မိသားစုဝင်တစ်ဦးမှ ပြောပါတယ်။

DVB