မိဘတွေသက်ရှိထင်ရှားရှိနေချိန်မှာ ကုသိုလ်ရေးလုပ်နိုင်ဖို့အတွက် ငွေအပုံလိုက်ကြီးနဲ့ ကန်တော့ခဲ့တဲ့ နေဆန်း

လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟာသ ဗီဒီယိုလေးတွေရိုက်ကူးရင်း ပရိသတ်အခိုင်အမာ ရရှိလာတဲ့ နေဆန်းကို ပရိသတ်တွေအားလုံးသိကြမယ်ထင်ပါတယ်နော် ။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့တဲ့ နေဆန်းကတော့ ကြော်ငြာတွေကိုဆက်တိုက်ရိုက်ကူးနေပြီး အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ နေဆန်းက သူ့ရဲ့ရရှိလာတဲ့အနုပညာကြေးလေးတွေနဲ့မိဘကိုသိတတ်ပြီး အလုပ်အကျွေးပြုနေသူတစ်ယောက်လည်းဖြစ်ပါတယ် ။

နေဆန်းက သူရရှိတဲ့ အနုပညာကြေးတွေနဲ့ မိဘတွေအတွက် အိမ်တစ်လုံးဆောက်လုပ်ပေးနိုင်ခဲ့သလို မကြာသေးမီကမှ ကိုယ်ပိုင်အိမ်နဲ့ ကိုယ်ပိုင်ကားကို ဝယ်ယူနိုင်ခဲ့တဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ မိဘတွေကို ပြည့်စုံစေချင်တယ် မိဘတွေ သက်ရှိထင်ရှားရှိနေတဲ့အချိန်မှာ ကုသိုလ်ရေးတွေလုပ်ဖို့အတွက် ဆန်းရဲ့ထောက်ပံ့ကြေးငွေပါ ဆိုတဲ့စာသားလေးနဲ့ မိခင်ဖြစ်သူကို ငွေတွေအများကြီးနဲ့ကန်တော့နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို ထပ်မံမျှဝေပေးခဲ့ပါတယ် ။

ပရိသတ်တွေကတော့ နေဆန်းရဲ့ မိဘအပေါ် သိတတ် လုပ်ကျွေးမှုလေးအတွက် လေးစား ဂုဏ်ယူကြောင်း မှတ်ချက်လေးတွေ ရေးသားထားကြတာလည်းတွေ့ရပါတယ် ။ ပရိသတ်ကြီးလည်း မိဘအပေါ် သိတတ်တဲ့နေဆန်းရဲ့ ပုံရိပ်လေးတွေကို သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Yaung Chi
Swelsone News