G Fatt အသံအတိုင်းတုပပြီး သီချင်းဆိုပြခဲ့တဲ့ နေတိုးရဲ့ စွမ်းရည်ကို ချီးကျူးခဲ့တဲ့ စိုင်းစိုင်း နဲ့ G Fatt ရဲ့ ဗီဒီယို

အနုပညာလောကရဲ့ လျှမ်းလျှမ်းတောက် နာမည်ကြီးသူတွေဖြစ်ကြတဲ့ နေတိုးနဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ အောင်မြင်မှုတွေကိုယ်စီ ရရှိပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ နေတိုးကလည်း ရုပ်ရှင်လောကမှာ အကယ်ဒမီဆုတွေများစွာ ရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်သလို စိုင်းစိုင်းခမ်းလှိုင်ကလည်း ဂီတလောကမှာ မှတ်တိုင်တွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်၊ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ နေတိုးတို့က ရုပ်ရှင်ဇာတ်ကားတွေအချို့မှာ အတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းကလည်း “ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြပါသေးတယ်။

မနေ့က ဇန်နဝါရီလ (၂၉) ရက်နေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ နေတိုးတို့က Samsung Galaxy S21 Series 5G Launch ပွဲကို အတူတူတက်ရောက်ခဲ့ကြပါတယ်။ ထိုပွဲမှာ နေတိုးက သူ့ရဲ့ အရည်အချင်းတစ်ခုနဲ့ G Fatt အသံအတိုင်းတုပပြီး သီချင်းဆိုပြခဲ့တာကြောင့် စိုင်းစိုင်းခမ်းလှိုင်က နေတိုးကို စနောက်ခဲ့ရတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် နေတိုးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ နေတိုးရဲ့ အံ့သြလောက်စရာကောင်းတဲ့ အသံတုစွမ်းရည်ကြောင့် တော်တော်လေးသဘောကျခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ အမိုက်စားစွမ်းရည်ကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

ဆယ်လီကွန်နက်ရှင်
Swelsone News