အမြတ်တနိုးထားရတဲ့ စေ့စပ်လက်စွပ်နှစ်ကွင်းကို မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော အောင်သိဒ္ဓိဘုရားများထံ လှူဒါန်းပူဇော်ခဲ့တဲ့ အိမ့်ချစ်

ဦးချစ်ကောင်းရဲ့ အနုပညာအမွေတွေကို အလုံးစုံရရှိပိုင်ဆိုင်ထားတဲ့ အိမ့်ချစ်ကတော့ ဂီတလောကရဲ့ နတ်ဘုရားမလေးတစ်ပါးလို့ တင်စားရလောက်အောင် သူမရဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်အတွင်းကပဲ လက်ထပ်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ အလုပ်တွေကိုယ်စီကြောင့် ခင်ပွန်းဖြစ်သူ ကို Eric နဲ့ တစ်ယောက်တစ်နိုင်ငံစီခြားပြီး နေထိုင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အိမ့်ချစ်ရဲ့ မင်္ဂလာသတင်းအတွက် ဝမ်းသာနေကြပြီး အိမ့်ချစ်ကလည်း သူမကို မြတ်နိုးတန်ဖိုးထားတဲ့ ယောကျာ်းကောင်းနဲ့ တွေ့ဆုံလက်ထပ်ခဲ့ရတာကြောင့် ပျော်ရွှင်စွာနဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အိမ့်ချစ်က သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အမြတ်တနိုးတန်ဖိုးထားရတဲ့ စေ့စပ်လက်စွပ်လေးနှစ်ကွင်းကို လှူဒါန်းခဲ့ကြောင်း “မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော အောင်သိဒ္ဓိဘုရားများကို ၇ကြိမ်မြောက်အိမ်သို့ပင့်ဆောင်ပူဇော်ပြီး ကိုEric နဲ့ အိမ့်ချစ်တို့ရဲ့ စေ့စပ်လက်စွပ်နှစ်ကွင်းကို လှူဒါန်းခဲ့ပါသည် နတ်လူသာဓုခေါ်စေသော် 🙏🏼” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလာခဲ့ပါတယ်။

အိမ့်ချစ်ကတော့ သူမတို့ ဇနီးမောင်နှံရဲ့ တန်ဖိုးထားမြတ်နိုးရတဲ့ စေ့စပ်လက်စွပ်လေးကို ဗုဒ္ဓရုပ်ပွားတော်မြတ်များဆီမှာ လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ့်ချစ်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News